ပစ္စုပ္ပန်တွင် အွန်လိုင်းဈေးကွက်စနစ်သည် အရည်အသွေးအကောင်းဆုံးဈေးကွက်စနစ်ဖြစ်သည် ၊ အဘယ်ကြောင့်ဆိုသော် ရင်နှီးမြုပ်နှံမှုအတွက် ကုန်ကျငွေနည်း ရုံမက လူအများသိသောအွန်လိုင်းဈေးကွက်သည် ခေတ်မှီသောအွန်လိုင်းဈေးကွက်ဖြစ်နေသောကြောင့်ဖြစ်သည်
ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကို internet စနစ်ကနေတစ်ဆင့်ဝဘ်ဆိုဒ်စာမျက်နှာတွင်ပြရန်နေရာ (သို့) အွန်လိုင်းပေါ်တွင်ကြော်ငြာတင်ရန်နေရာ (သို့) Banner ဟုခေါ်သည် ၊ Banner ဖြင့်ကြော်ငြာတင်ခြင်းသည် မိမိတို့၏ကုန်ပစ္စည်းများကို မြင်တွေ့နိုင်ရန်လွယ်ကူစေပြီး ဝယ်ယူသူများစိတ်ဝင်စားလာအောင် ကုန်ပစ္စည်းများကိုရောင်းချနိုင်သည့်အခွင့်အရေးများလာအောင် ဆောင်ရွက်ပေးနိုင်သည့်အရာဖြစ်သည်
1. ဝဘ်ဆိုဒ်အတွင်းဝင်ကြည့်သူများကိုဆွဲဆောင်မှုရှိစေပြီး Banner ကိုနှိပ်လိုက်လျှင် ကြော်ငြာတင်သူဝဘ်ဆိုဒ်သို့ ဝင်ရောက်သွားနိုင်ပါသည် ၊ ကျွန်ုပ်တို့တွေ့မြင်နေသောကြော်ငြာများမှာ affiliate program နှင့် pay per click များ ဥပမာ - Google AdSense စသည်တို့ဖြစ်သည်
2. Banner ကြော်ငြာ Logo နေရာတွင် ကုန်ပစ္စည်းများ (သို့) ကုမ္မဏီများ၏ Brand ကိုဖန်တီးနိုင်သည် ၊ ဝင်ကြည့်သူများက Banner ကြော်ငြာ Logo ကိုမြင်လျှင် မိမိကြော်ငြာတင်ထားသည့်အရာများကို ဝင်ကြည့်သူများအား ဆွဲဆောင်စေနိုင်သည်
3. ဝဘ်ဆိုဒ် Promote လုပ်ရန်အတွက် Banner ကြော်ငြာ Logo များသည် မိမိ၏ဝဘ်ဆိုဒ်ယုံကြည်မှုကိုတည်ထောင်ခြင်းဖြစ်သည် ၊ အဘယ်ကြောင့်ဆိုသော် မိမိတို့၏အသေးစိတ်လုပ်ဆောင်မှုများကို အခြားသူများသိလာအောင်လုပ်ဆောင်နိုင်သောကြောင့်ဖြစ်သည် ၊အသေးစိတ်ဖြင့်ဝန်ဆောင်မှုပေးခြင်းသည် Customer များက ကြော်ငြာသူများ၏ကုန်ပစ္စည်းများကို ဝန်ဆောင်မှုပေးရန်ယုံကြည်စိတ်ချနိုင်သည်
နည်းပညာတစ်မျိုးတည်းဖြင့် ဖန်တီးထားသော အွန်လိုင်းကြော်ငြာ Banner များသည်အမျိုးအစားပေါင်းများစွာရှိနေသည် ၊ အရည်အသွေးကောင်းသော Customer များကိုဆွဲဆောင်မှုရှိသော Banner များကိုလိုချင်လျှင် CNET Networks နည်းပညာကိုနားလည်ထားရန်လိုအပ်သည် ၊ စိတ်ဝင်စားမှုအကောင်းဆုံးကြော်ငြာများသည် ဓါတ်ပုံ အရောင်အရည်အသွေးပေါ်မူတည်ပြီး ဖော်ပြပါအတိုင်းလေ့လာနိုင်သည်
"ကြော်ငြာများ၏အပေါ်ဆုံးဘက် (သို့) အောက်ဆုံးဘက်တွင် Brand Logo များရှိနေလျှင်ကောင်းဆုံးဖြစ်သည်"
Credit :Darika Phankaur